တရားဝင် စာရွက်စာတမ်း
AI အသုံးပြုမှု စည်းကမ်းချက်များ
MediHug AI Health Assistant ကို အသုံးပြုခြင်းဖြင့် သင်သည် အောက်ပါ စည်းကမ်းချက်များကို ဖတ်ရှုပြီး နားလည်သဘောတူကြောင်း အတည်ပြုပါသည်။
အကျိုးသက်ရောက်သည့်ရက် — [DD/MM/YYYY]
AI ဝန်ဆောင်မှု၏ ရည်ရွယ်ချက်
MediHug AI Health Assistant သည် အောက်ပါရည်ရွယ်ချက်များအတွက် ကူညီပေးနိုင်ပါသည် —
- —အထွေထွေကျန်းမာရေးအချက်အလက်များ ရှာဖွေခြင်း
- —MediHug ၏ ကျန်းမာရေးဝန်ဆောင်မှုများကို ရှာဖွေခြင်း
- —ဆရာဝန်၊ Physiotherapist နှင့် အခြားကျန်းမာရေးပညာရှင်များကို ရှာဖွေခြင်း
- —ဆေးခန်း၊ ဆေးရုံနှင့် Healthcare Partners များကို ရှာဖွေခြင်း
- —ကျန်းမာရေးအစီအစဉ်များနှင့် ဝန်ဆောင်မှုများအကြောင်း အချက်အလက်ရယူခြင်း
- —Appointment သို့မဟုတ် Healthcare Service သို့ လမ်းညွှန်ပေးခြင်း
Medical Decision Making
MediHug AI သည် ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို လူသားများအစား မဆုံးဖြတ်ပါ။
AI မှ ပေးသော အကြံပြုချက်များသည် professional medical advice မဟုတ်ပါ။
သုံးစွဲသူသည် မိမိ၏ ကျန်းမာရေးအခြေအနေအတွက် လိုအပ်ပါက qualified healthcare professional ထံမှ အကြံဉာဏ်ရယူရန် တာဝန်ရှိပါသည်။
Accuracy and Limitations
MediHug သည် AI မှ ပေးသော အချက်အလက်များ၏ တိကျမှု၊ ပြည့်စုံမှု သို့မဟုတ် လက်ရှိဆေးဘက်ဆိုင်ရာအချက်အလက်များနှင့် အမြဲတမ်းကိုက်ညီမှုကို အာမခံမထားပါ။
AI response များသည် သုံးစွဲသူပေးသော information နှင့် အသုံးပြုနေသော AI technology ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
User Responsibility
သုံးစွဲသူသည် —
- —AI ထံသို့ မိမိပေးသော information များကို တတ်နိုင်သမျှ မှန်ကန်စွာပေးရန်
- —AI response ကို final medical advice အဖြစ် မယူဆရန်
- —အရေးကြီးသော medical decision များအတွက် healthcare professional နှင့် တိုင်ပင်ရန်
- —အရေးပေါ်အခြေအနေတွင် AI ကို အားမကိုးရန်
တာဝန်ရှိပါသည်။
Prohibited Use
MediHug AI ကို —
- —အခြားသူတစ်ဦး၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ခွင့်ပြုချက်မရှိဘဲ ရယူရန်
- —မမှန်ကန်သော သို့မဟုတ် အန္တရာယ်ဖြစ်စေနိုင်သော medical information ဖြန့်ဝေရန်
- —AI ကို အသုံးပြု၍ အခြားသူများကို ထိခိုက်စေရန်
- —MediHug system သို့မဟုတ် AI service ကို အလွဲသုံးစားပြုရန်
မသုံးရပါ။
Healthcare Professional Review
MediHug သည် သင့်လျော်သောအခြေအနေများတွင် သုံးစွဲသူအား qualified healthcare professional နှင့် ဆက်လက်တိုင်ပင်ရန် လမ်းညွှန်နိုင်ပါသည်။
AI နှင့် healthcare professional service များကို သီးခြားဝန်ဆောင်မှုများအဖြစ် နားလည်အသုံးပြုရမည် ဖြစ်ပါသည်။
Service Availability
AI service သည် technical maintenance၊ system interruption၊ network problem သို့မဟုတ် အခြားအကြောင်းများကြောင့် ယာယီမရရှိနိုင်ခြင်း ဖြစ်နိုင်ပါသည်။
Changes to AI Service
MediHug သည် AI system ၏ functionality၊ features နှင့် availability များကို လိုအပ်သလို ပြင်ဆင်၊ update သို့မဟုတ် ရပ်ဆိုင်းနိုင်ပါသည်။
Acceptance
AI Health Assistant ကို ဆက်လက်အသုံးပြုခြင်းဖြင့် သင်သည် ဤ AI Terms of Use နှင့် AI Medical Disclaimer ကို ဖတ်ရှုပြီး နားလည်သဘောတူကြောင်း အတည်ပြုပါသည်။
နောက်ဆုံးပြင်ဆင်သည့်ရက် — [DD/MM/YYYY]
မေးမြန်းလိုပါက support@medihug.com သို့မဟုတ် Viber 09 784 101005 သို့ ဆက်သွယ်ပါ။
